Author Archives: RRD
-
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည် (၉-၈-၂၀၁၆) ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏ ခရီးစဉ်တွင် မိုးညိုမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြောင်းရွှေ့အိမ်ထောင်စု (၅,၂၉၃)၊ လူဦးရေ (၁၈,၈၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၉,၅၄၅,၁၀၀)၊ တာပေါ်လင် (၃) လိပ်၊ မိုးကာစ (၁၀) ထုပ်၊ မြက်ဖျာဝယ်ယူရန် ငွေ (၅) သိန်းကျပ်၊ အာဟာရမှုန့် (၅,၀၀၀) ထုပ်နှင့် သောက်ရေသန့် (၁၂,၂၄၀) ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၉-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ ပေးမှုအခြေအနေသတင်း
၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၉-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၉) သောင်းကျော်မှ လူဦးရေ (၄) သိန်း (၁) သောင်းခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည် ရွှေ့ပြောင်းလျက်ရှိကြပြီး အချို့နေရာများတွင် ဘေးလွတ်ရာသို့ ထပ်မံပြောင်းရွှေ့မှုများလည်း ရှိနေပါသည်။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်း၍ “Civil Military Coordination Workshop on Disaster Management” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်းကျင်းပသည့် “Civil Military Coordination Workshop on Disaster Management” ကို (၉.၈.၂၀၁၆)ရက်နေ့မှ (၁၀.၈.၂၀၁၆)ရက်နေ့အထိ အမရာဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် UNOCHA တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ၂။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းမှာ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှုများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး … Read more
-
ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် ရေဝင်ရောက်၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု (၂၈၂)စုမှ လူဦးရေ (၁၁၈၄)ဦး အတွက် ခေါက်ဆွဲခြောက် (၂၃၆၈)ထုပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၇၁၀၀) ကျပ်အား (၈-၈-၂၀၁၆) ရက်နေ့တွင် သွားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညောင်တုန်း၊ ပန်းတနော်၊ ဇလွန်မြို့များရှိ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံ၍ အားပေးစကားပြောကြား
၁။ နိုင်ငံအဝှမ်းမိုး များပြီး မြစ်ရေလျှံ တက်မှု ဖြစ်ပေါ် လျက်ရှိရာ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈) ရက်နေ့ တွင် ပန်းလှိုင်မြစ်ရေသည် ညောင်တုန်းမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြစ်ရေလျှံတက်လျက်ရှိပါ သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ညောင် တုန်းမြို့သို့ ရောက်ရှိရာ ယာယီ ဖွင့်လှစ်ထားရှိ သော ရေဘေးစီမံခန့်ခွဲမှု ကွပ်ကဲရေးရုံးသို့ သွား ရောက်ပြီး နယ်မြေခံလူမှု အဖွဲ့ … Read more
-
ညောင်ဦးခရိုင်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ညောင်ဦးမြို့နယ် အမှတ် (၅)ရပ်ကွက် အတွင်း ရေဝင် ရောက်သဖြင့်ရွှေ့ပြောင်းအိမ်ထောင် စု(၂၈၂)စုမှလူဦးရေ(၁၁၈၄)ဦးအတွက် ခေါက်ဆွဲခြောက် (၂၃၆၈)ထုပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၀၇၁၀၀) ကျပ်အား(၈.၈.၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု (၄) စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဝန်ကြီးချုပ်ခရီးစဉ်တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု (၄) စုမှ ရေဘေးသင့် အိမ်ထောင်စု (၁၃၇) စုမှ လူဦးရေ (၄၃၁) ဦးအတွက် ဆန် (၁ဝ) ရက်စာ ဖိုးငွေ (၁၂၉၃ဝဝဝ/-) ကျပ်အား (၈-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧရာဝတီ တိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှု ကနဦးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၈-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ သို့ရောက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ရေဘေး သင့်ပြည်သူများနှင့်တွေ့ဆုံ၍ အစိုးရအဖွဲ့သစ်လက်ထက်ပြောင်း လဲဆောင်ရွက်နေသော ထောက်ပံ့မှုအစီ အစဉ်ဖြစ်သည့် ထောက်ပံ့မှုများ မကျန်စေရန် မထပ်စေရန်နှင့် ဝေးလံသောကျေးရွာများမှ ရေဘေး သင့်ပြည်သူများထံသို့ ရောက်ရှိစေရန် အစိုးရနှင့်လူမှုအဖွဲ့အစည်းများ စနစ်တကျပူးပေါင်းဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုများဆောင်ရွက်ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့မှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှု ကနဦးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ စားနပ်ရိက္ခာ ဆန် (၄၀) အိတ်၊ ငါးသေတ္တာဗူးများ၊ တာပေါ်လင်လိပ်များနှင့် ရေသန့်ဆေးထုပ်များကို လည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ စားသုံးဆီနှင့် ဝေဋ္ဌုကျော်ဖောင်ဒေးရှင်းမှ သောက်ရေသန့်များကိုလည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်းများအရ … Read more
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာနှင့် သဖန်းကုန်းကျေးရွာတို့ရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
၁။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာမှ ရေဘေးရှောင် အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ(၄၃၀)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး ကျသင့်ငွေ ကျပ်(၃၈၇,၀၀၀/-)၊ ခေါက်ဆွဲခြောက် တန်ဖိုးငွေ ကျပ်(၁၁၆,၁၀၀/-) ငါးသေတ္တာဗူးတန်ဖိုးငွေ ကျပ်(၉၇၂၀၀/-) စုစုပေါင်း တန်ဖိုးငွေ ကျပ်(၆၀၀,၃၀၀/-) နှင့် ၂။ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာမှ ရေဘေးရှောင် အိမ်ထောင်စု (၈၇)စုမှ လူဦးရေ(၃၀၅)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး ကျသင့်ငွေ ကျပ် … Read more
