၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်းကျင်းပသည့် “Civil Military Coordination Workshop on Disaster Management” ကို (၉.၈.၂၀၁၆)ရက်နေ့မှ (၁၀.၈.၂၀၁၆)ရက်နေ့အထိ အမရာဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် UNOCHA တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၂။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းမှာ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှုများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး ပိုမိုထိရောက်သော လူသားချင်းစာနာမှုအကူအညီပေးရန်နှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
၃။ အဆိုပါ Workshop သို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ သြဂုတ်လ ၉ ရက်။