တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၉-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ ပေးမှုအခြေအနေသတင်း

7 6 5 1၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၉-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၉) သောင်းကျော်မှ လူဦးရေ (၄) သိန်း (၁) သောင်းခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည် ရွှေ့ပြောင်းလျက်ရှိကြပြီး အချို့နေရာများတွင် ဘေးလွတ်ရာသို့ ထပ်မံပြောင်းရွှေ့မှုများလည်း ရှိနေပါသည်။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီ ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ (၉-၈-၂၀၁၆) နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် အဖျောက်မြို့နယ်မှ ဘေးသင့်ပြည်သူ များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးနှင့်အဖွဲ့သည် မိုးညိုမြို့နယ်နှင့် ဒိုက်ဦးမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် မိုးကာစထုပ် (၁၀) ထုပ်၊ တာပေါ်လင်လိပ် (၃) လိပ််၊ အဟာရမှုန့် (၅၀၀၀) ထုပ်၊ ရေသန့်ဆေး (၁၂၂၄၀) ထုပ်နှင့် မြက်ဖျာများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အမရပူရ မြို့နယ်၊ တိုးချဲ့ (၁)၊ (၂)၊ (၃) ရပ်ကွက်များမှ ဘေးသင့်ပြည်သူများအတွက် ငါးသေတ္တာနှင့် ခေါက်ဆွဲ ခြောက်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကသာမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် ဆန်နှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ သာပေါင်းမြို့နယ် ဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲခြောက်များကိုလည်း ကောင်း ထောက်ပံ့ပေးခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန အနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခဲ့မှုမှာ (၁၅-၇-၂၀၁၆) မှ (၉-၈-၂၀၁၆) ရက်နေ့အထိ စုစုပေါင်းတန်ဖိုးကျပ် သိန်းပေါင်း (၄၂၀၀) ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျန်ရှိသော မြို့နယ်များသို့လည်း ထောက်ပံ့ မှုများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events