ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည် (၉-၈-၂၀၁၆) ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏ ခရီးစဉ်တွင် မိုးညိုမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြောင်းရွှေ့အိမ်ထောင်စု (၅,၂၉၃)၊ လူဦးရေ (၁၈,၈၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၉,၅၄၅,၁၀၀)၊ တာပေါ်လင် (၃) လိပ်၊ မိုးကာစ (၁၀) ထုပ်၊ မြက်ဖျာဝယ်ယူရန် ငွေ (၅) သိန်းကျပ်၊ အာဟာရမှုန့် (၅,၀၀၀) ထုပ်နှင့် သောက်ရေသန့် (၁၂,၂၄၀) ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source : ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)