Author Archives: RRD
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေထိန်းသိမ်းရေးကော်မတီမှ (၅-၂-၂၀၁၆) ရက်နေ့နှင့် (၆-၂-၂၀၁၆) ရက်နေ့အထိ (မြန်မာငွေ/နိုင်ငံခြားငွေ) ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း
(၅-၂-၂၀၁၆) ရက်နေ့အထိ အလှူငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း နှင့် (၆-၂-၂၀၁၆) ရက်နေ့အထိ အလှူငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ နမ့်ဆန်မြို့နှင့်လပွတ္တာမြို့တို့မှ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော် ၊ ဖေဖော်၀ါရီလ ၆ ရက် ၁။ နမ့်ဆန်မြို့နှင့်လပွတ္တာမြို့တို့မှမီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေ နှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူုဒါန်းလျှက်ရှိရာ (၆-၂-၂၀၁၆)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊၀န်ကြီးရုံးမှ အလှူငွေကျပ်(၅)သိန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှနမ့်ဆန်မြို့မီးဘေးအတွက်ငွေကျပ်သိန်း(၁၀၀)နှင့် လပွတ္တာမြို့ မီးဘေးအတွက်ငွေကျပ်သိန်း(၁၀၀)၊အားကစား၀န်ကြီးဌာနမှ Track Suit (၂၁၇)ထည်၊T-Shirt (၆၆၆) ထည်၊Sport-Shirt (၁၀၈၉)ထည်တို့ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသို့လာရောက်လှူဒါန်းခဲ့ပါသည်။ ၂။ စစ်ရေးချုပ်ရုံးမှ ခေါက်ဆွဲခြောက်ဖာအကြီး(၈၃)ဖာ၊ နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ဆိုလာမီး အိမ်အလုံး(၅၀)ပါ(၈)ပုံး၊ဒန်အိုးအစုံ(၁၀၀)စုံပါ(၇)အိတ်၊ဒန်အိုး(၆)လုံးပါအိတ်သေး(၁)အိတ်၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆိုလာပုံး(၁၄)ပုံး၊ အားကစား၀န်ကြီးဌာနမှ Track Suit … Read more
-
နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်း လပွတ္တာမြို့၊ မီးဘေးသင့် ပြည်သူများနှင့်တွေ့ဆုံ၊ ပံ့ပိုးပစ္စည်းများ ထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးများလိုက်ပါလျက် လပွတ္တာမြို့သို့ ဖေဖေါ်ဝါရီ(၅)ရက်နေ့ ညနေ (၄) နာရီခန့် အချိန်က ရောက်ရှိလာရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများက ကြိုဆိုကြသည်။ ဆက်လက်၍လမ်းဦးစီးဌာန ဧည့်ရိပ်သာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက မီးလောင်မှုဖြစ်စဉ် အခြေအနေများကို ရှင်းလင်းတင်ပြပြီး အမှတ်(၅)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက် ၊ အမှတ်(၁) ရပ်ကွက် မီးဘေးသင့် နေရာများသို့ လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော လေးထပ်ပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိကာ … Read more
-
နမ့်ဆန်မြို့နှင့် လပွတ္တာမြို့တို့မှ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများလက်ခံရရှိမှုသတင်း
နမ့်ဆန်မြို့နှင့် လပွတ္တာမြို့တို့မှ မီးဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့် ပစ္စည်းများကို လာရောက်လှူဒါန်းလျှက်ရှိရာ (၅.၂.၂၀၁၆) ရက်နေ့တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အလှူငွေကျပ် (၁,၀၀၀,၀၀၀/-)ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် (ရုံးချုပ်) သို့ လည်းကောင်း၊ ဦးရာဇာထွန်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့မှ အလှူငွေကျပ် (၂၀,၀၀၀) ကို မြန်မာ့စီးပွားရေး ဘဏ်၊ နေပြည်တော်ရှိ ငွေစာရင်းအမှတ် (OA-011834) သို့ တိုက်ရိုက်ထည့်သွင်းခြင်းဖြင့်လည်းကောင်း၊ (၆.၂.၂၀၁၆) ရက်နေ့တွင် သိပ္ပံနှင့် … Read more
-
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မီးလောင်မှုသတင်းများနှင့် ထောက်ပံ့မှုအခြေအနေသတင်းများ
၁။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်၌ (၄-၂-၂၀၁၆)ရက်နေ့၊ (၁၃း၃၀)နာရီ အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၅၀) လုံးခန့် မီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၂၅၀) စုခန့် ဘေး ဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၄၄၅) အိမ်ထောင်စာ၊ မိုးကာတဲ၊ မိုးကာလိပ်၊ အဝတ်အထည်များ၊ ခေါက်ဆွဲခြောက်များ၊ ဆန်၊ ရေသန့် တို့အား ယူဆောင်၍ လားရှိုးခရိုင် ဦးစီးမှူး၊ ဦးကျော်ကျော်ထွန်း … Read more
-
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်၌ မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်၌ (၃-၂-၂၀၁၆) ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃) လုံးမီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၃)စုမှ လူပေါင်း (၁၇) ဦး ဘေးဒုက္ခ ကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၆၆၁၉၈/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၃) အိမ်ထောင်စာ အား (၃-၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။
-
(၁-၂-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၆) ဖွင့်လှစ်ပို့ချမှုသတင်း
(၁-၂-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၆) အား ဖွင့်လှစ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ခရိုင်ရုံးရှိတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် သင်တန်းသား/ သင်တန်းသူ (၅၈) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသည် … Read more
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းမှုသတင်း
ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက သက်ဆိုင်ရာဘေးသင့်ဒေသများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်သည့်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထိုင်ဝမ် အခြေစိုက် E.SUN BANK မှ CEO Mr. James Chen နှင့် တာဝန်ရှိသူများက အလှူငွေကျပ်သိန်း (၁ဝဝဝ) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖေဖော်ဝါရီ (၂) ရက်က လာရောက် လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ … Read more
-
သဘာ၀ဘေးအန္တရာယ် ကြိုတင်သတိပေးမှုစနစ် ချိတ်ဆက်ဆောင်ရွက်မှု ဇာတ်တိုက်လေ့ကျင့်ခန်း
မုန်တိုင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မုန်တိုင်းမဖြစ်ပွားမီ၊ မုန်တိုင်းဖြစ်နေချိန်နှင့် ဖြစ်ပွားပြီးချိန် များတွင် ဌာနအလိုက်၊ အဖွဲ့အစည်းများအလိုက်၊ ကျေးရွာအုပ်စုအလိုက် နေပြည်တော်၊ ဧရာ၀တီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်များသို့ မည်သို့ချိတ်ဆက်ဆောင်ရွက်ရသည်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့်အတူ ၏ဦးဆောင်မှုဖြင့် ပြည်သူလူထုပူးပေါင်းပါ၀င်သော ဇာတ်တိုက်လေ့ကျင့်ခန်းအား (၂-၂-၂၀၁၆)ရက်နေ့တွင် နံနက် (၀၉း၁၅)မှ (၁၂း၂၀)အချိန်ထိ ပြုလုပ်ခဲ့ကြပါသည်။
