(၁-၂-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၆) ဖွင့်လှစ်ပို့ချမှုသတင်း

1 2

(၁-၂-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၆) အား ဖွင့်လှစ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ခရိုင်ရုံးရှိတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် သင်တန်းသား/ သင်တန်းသူ (၅၈) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသည် (၁-၂-၂၀၁၆) ရက်နေ့မှ (၁၁-၂-၂၀၁၆) ရက်နေ့ထိ သင်တန်းကာလ (၁၁) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events