နမ့်ဆန်မြို့နှင့် လပွတ္တာမြို့တို့မှ မီးဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့် ပစ္စည်းများကို လာရောက်လှူဒါန်းလျှက်ရှိရာ (၅.၂.၂၀၁၆) ရက်နေ့တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အလှူငွေကျပ် (၁,၀၀၀,၀၀၀/-)ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် (ရုံးချုပ်) သို့ လည်းကောင်း၊ ဦးရာဇာထွန်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့မှ အလှူငွေကျပ် (၂၀,၀၀၀) ကို မြန်မာ့စီးပွားရေး ဘဏ်၊ နေပြည်တော်ရှိ ငွေစာရင်းအမှတ် (OA-011834) သို့ တိုက်ရိုက်ထည့်သွင်းခြင်းဖြင့်လည်းကောင်း၊ (၆.၂.၂၀၁၆) ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ အလှူငွေကျပ် (၅၀၀,၀၀၀) ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် (ရုံးချုပ်) သို့ လည်းကောင်း အသီးသီးလာရောက် လှူဒါန်း ခဲ့ပါသည်။