၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မီးလောင်မှုသတင်းများနှင့် ထောက်ပံ့မှုအခြေအနေသတင်းများ

၁။      ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်၌ (၄-၂-၂၀၁၆)ရက်နေ့၊ (၁၃း၃၀)နာရီ အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၅၀) လုံးခန့် မီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၂၅၀) စုခန့်
ဘေး ဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၄၄၅) အိမ်ထောင်စာ၊ မိုးကာတဲ၊ မိုးကာလိပ်၊ အဝတ်အထည်များ၊ ခေါက်ဆွဲခြောက်များ၊ ဆန်၊ ရေသန့် တို့အား ယူဆောင်၍ လားရှိုးခရိုင် ဦးစီးမှူး၊ ဦးကျော်ကျော်ထွန်း (ဒုတိယညွှန်ကြားရေးမှူး)မှ (၅-၂-၂၀၁၆) ရက်နေ့ (၀၈း၄၅)အချိန်တွင် သွားရောက်ထောက်ပံ့လျက်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးသိုလှောင်ရုံမှ ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်များကိုလည်း နမ့်ဆန်မြို့သို့ ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

၂။      ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ် (၁၊၄၊၅) ရပ်ကွက်တို့၌ (၄-၂-၂၀၁၆) ရက်နေ့၊ (၂ဝး၂၀) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၇၉) လုံးမီးလောင်ကျွမ်းခဲ့ပြီး၊
အိမ်ထောင်စု (၁၉၅)စုမှ လူဦးရေစုစုပေါင်း (၇၆၁)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၉၇) အိမ်ထောင်စာနှင့် မိသားစုသုံးအလှူပစ္စည်း (၁၅)မျိုးပါ (၁၉၅) ပုံး အား ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး) နှင့် ခရိုင်ဦးစီးမှူး၊ ဦး၀င်းဇော်ဌေး  (ဒုတိယညွှန်ကြားရေးမှူး) သည် (၅-၂-၂၀၁၆) ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့သွားရောက်ထောက်ပံ့ လျက်ရှိကြောင်း သိရှိရပါသည်။

၃။     ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၌ (၄-၂-၂၀၁၆) ရက်နေ့၊ နံနက် (၀၁းဝ၀)နာရီအချိန်တွင်မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄) လုံးမီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၅)စုမှ ကျား(၇) ဦး၊ မ (၁၁) ဦး၊ စုစုပေါင်း (၁၈) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၅) အိမ်ထောင်စာအား (၅-၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။

Sign Up

Upcoming Events