နေပြည်တော် ၊ ဖေဖော်၀ါရီလ ၆ ရက်
၁။ နမ့်ဆန်မြို့နှင့်လပွတ္တာမြို့တို့မှမီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေ နှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူုဒါန်းလျှက်ရှိရာ (၆-၂-၂၀၁၆)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊၀န်ကြီးရုံးမှ အလှူငွေကျပ်(၅)သိန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှနမ့်ဆန်မြို့မီးဘေးအတွက်ငွေကျပ်သိန်း(၁၀၀)နှင့် လပွတ္တာမြို့ မီးဘေးအတွက်ငွေကျပ်သိန်း(၁၀၀)၊အားကစား၀န်ကြီးဌာနမှ Track Suit (၂၁၇)ထည်၊T-Shirt (၆၆၆) ထည်၊Sport-Shirt (၁၀၈၉)ထည်တို့ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသို့လာရောက်လှူဒါန်းခဲ့ပါသည်။
၂။ စစ်ရေးချုပ်ရုံးမှ ခေါက်ဆွဲခြောက်ဖာအကြီး(၈၃)ဖာ၊ နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ဆိုလာမီး အိမ်အလုံး(၅၀)ပါ(၈)ပုံး၊ဒန်အိုးအစုံ(၁၀၀)စုံပါ(၇)အိတ်၊ဒန်အိုး(၆)လုံးပါအိတ်သေး(၁)အိတ်၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆိုလာပုံး(၁၄)ပုံး၊ အားကစား၀န်ကြီးဌာနမှ Track Suit (၂၁၇) ထည်၊ T-Shirt(၆၆၆)ထည်၊ Sport-Shirt(၁၀၈၉)ထည်တို့ကို နေပြည်တော်လေဆိပ်မှ လေကြောင်းခရီး ဖြင့် ဘေးသင့်မြို့နယ်များသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးရင်စိန်+ဒေါ်တင်၀င်း၊ မိသားစုမှငွေကျပ်(၄၀,၀၀ိ/-)၊ CSC Group မိသားစုမှ ငွေကျပ်(၆)သိန်း၊မြန်မာ့မော်တော်ယာဥ်ပရဟိတအသင်းမှ ငွေကျပ်သိန်း(၇၀) တို့ကိုလာရောက်လှူဒါန်းခဲ့ပါသည်။
၄။ သို့ဖြစ်ပါ၍ (၆-၂-၂၀၁၅)ရက်နေ့ရရှိငွေမှာ (၂၈,၁၄၀,၀၀ိ/-)ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၆-၂-၂၀၁၆)ရက်နေ့အထိ မီးဘေးသင့်ပြည်သူများအတွက် စုစုပေါင်းလှူဒါန်းရရှိငွေမှာကျပ် (၂၉,၁၆၀,၀၀ိ/-) ဖြစ်ပါကြောင်း သတင်းရရှိပါသည်။