ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက သက်ဆိုင်ရာဘေးသင့်ဒေသများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်သည့်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထိုင်ဝမ် အခြေစိုက် E.SUN BANK မှ CEO Mr. James Chen နှင့် တာဝန်ရှိသူများက အလှူငွေကျပ်သိန်း (၁ဝဝဝ) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖေဖော်ဝါရီ (၂) ရက်က လာရောက် လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။