၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်၌ မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်၌ (၃-၂-၂၀၁၆) ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃) လုံးမီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၃)စုမှ လူပေါင်း (၁၇) ဦး ဘေးဒုက္ခ ကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၆၆၁၉၈/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၃) အိမ်ထောင်စာ အား (၃-၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။

Sign Up

Upcoming Events