Author Archives: RRD
-
“မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၈-၄-၂၀၁၆) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် Royal ACE Hotel (နေပြည်တော်)၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက်ပါလုပ်ငန်းများ၏ ဆောင်ရွက်တိုးတက်မှုအခြေအနေနှင့် ထပ်မံဖြည့်စွက်သင့်သည်များကို သက်ဆိုင်ရာဦးစီးဌာနအသီးသီးမှ ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့သည့်အချက်အလက်များပေါ်မူတည်၍ အခက်အခဲများ၊ အကြံပြုချက်များကို ဆွေးနွေးရန်နှင့် အားနည်းချက်များကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်သည့်စီမံချက်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ “မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း(၂၅) ခုနှင့် (INGOs) အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ၌ (၄-၄-၂၀၁၆) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာ နေအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁) စုမှ ကျား (၂) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၃) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေ (၂၇၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)၊ တန်ဖိုးငွေ … Read more
-
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာ၌ (၇-၄-၂၀၁၆) ရက်နေ့၊ (၁၇:၄၅) အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ် (၆) လုံး၊ သက်ကယ်မိုး၊ ထရံကာနေအိမ် (၅) လုံး၊ စုစုပေါင်း နေအိမ် (၁၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ အိမ်ထောင်စု (၁၁) စုမှ လူကြီး(၃၂) ဦး၊ ကလေး (၇) ဦး၊ စုစုပေါင်း (၃၉) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း၌ (၅-၄-၂၀၁၆) ရက်နေ့ (၁၉:၄၅) အချိန်တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် နေအိမ် (၁၃) လုံး ပြိုကျပျက်စီး၍ နေအိမ်(၂၀)လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေစုစုပေါင်း (၁၃၃) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။ အဆိုပါဘေးတွင် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို (၈-၄-၂၀၁၆) ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
(၈-၄-၂၀၁၆) ရက်နေ့တွင် ထပ်မံရရှိသော သတင်းများအရ- စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း၌ (၅-၄-၂၀၁၆)နေ့ (၂၃:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သည့်လေဘေးကြောင့် နေအိမ် (၃၃) လုံး ပြိုကျပျက်စီး၍ နေအိမ် (၁၁၅၉) လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ် (၁၁၉၂) လုံးမှ လူဦးရေစုစုပေါင်း (၅၈၆၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် ဦးမင်းသုဝေ(၂၉)နှစ်(ဘ)ဦးအောင်ဆန်းသစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထပ်မံသတင်းရရှိပါသည်။ အဆိုပါဘေးတွင် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို (၇-၄-၂၀၁၆) ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့ သွားရောက်ထောက်ပံ့လျက်ရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုအခြေအနေသတင်း
(၆-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၅) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၆) စုမှ စုစုပေါင်းလူဦးရေ (၂၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုး (၁၈,၉၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀) နှင့် တန်ဖိုးငွေ (၁၃၂၃၉၆) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စာတို့ကို (၇-၄-၂၀၁၆) ရက်နေ့၌ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်းနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center – EOC) ရှိ စက်ပစ္စည်းကိရိယာများ အသုံးပြုခြင်းကို စမ်းသပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ ၆ ရက်နေ့ နံနက် (၁ဝ) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNOCHA အဖွဲ့အစည်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စများ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ အလားတူ နံနက် … Read more
-
သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားမှုများနှင့်စပ်လျဉ်း၍ သတင်းများဆက်သွယ်ပေးပို့နိုင်ပါရန် Call Center များ ဖွင့်လှစ်ထားရှိပါကြောင်း ပြည်သူများသို့အသိပေးကြေငြာခြင်း
မြန်မာနိုင်ငံအဝှမ်း သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက လတ်တလော စား၀တ်နေရေး ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနိုင်ရန်အတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန(ရုံးချုပ်)နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးရုံးများတွင် ဆက်သွယ် သတင်းပေးပို့နိုင်သော Call Center များကိုဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ ပြည်သူများအနေဖြင့် မိမိတို့ဒေသများအတွင်း သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဘေးဖြစ်ပွားမှုအခြေအနေများနှင့်စပ်လျဉ်း၍ အောက်ပါတယ်လီဖုန်းအမှတ်များသို့ဆက်သွယ် အကူ အညီတောင်းခံနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်- Call Center Telephone Number
-
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း၌ (၅-၄-၂၀၁၆) ရက်နေ့၊ (၂၃:၃၀) နာရီအချိန်တွင် လေဘေးဖြစ်ပွားခဲ့ရာ နေအိမ်(၅၂)လုံး ပြိုကျပျက်စီး၍ နေအိမ်(၉၄၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ် (၉၉၅) လုံးမှ လူဦးရေစုစုပေါင်း(၄၉၇၅)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် မင်းသုဝေ(၂၉)နှစ် (ဘ)ဦးအောင်ဆန်း သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။ အဆိုပါဘေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇-၄-၂၀၁၆)ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။
-
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေသတင်း
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း၊ ကျေးရွာ(၁)ခုနှင့် ရပ်ကွက်(၂)ခုတို့၌ (၆-၄-၂၀၁၆)နေ့ (၁၃:ဝ၀)အချိန်တွင် လေဘေးဖြစ်ပွားခဲ့ရာ နေအိမ်(၄၉)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း (၂)ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။ အဆိုပါဘေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ (၇-၄-၂၀၁၆) ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
