“မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

1-a 2-a

(၈-၄-၂၀၁၆) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် Royal ACE Hotel (နေပြည်တော်)၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက်ပါလုပ်ငန်းများ၏ ဆောင်ရွက်တိုးတက်မှုအခြေအနေနှင့် ထပ်မံဖြည့်စွက်သင့်သည်များကို သက်ဆိုင်ရာဦးစီးဌာနအသီးသီးမှ ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့သည့်အချက်အလက်များပေါ်မူတည်၍ အခက်အခဲများ၊ အကြံပြုချက်များကို ဆွေးနွေးရန်နှင့် အားနည်းချက်များကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်သည့်စီမံချက်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ “မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း(၂၅) ခုနှင့် (INGOs) အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events