(၈-၄-၂၀၁၆) ရက်နေ့တွင် ထပ်မံရရှိသော သတင်းများအရ-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း၌ (၅-၄-၂၀၁၆)နေ့ (၂၃:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သည့်လေဘေးကြောင့် နေအိမ် (၃၃) လုံး ပြိုကျပျက်စီး၍ နေအိမ် (၁၁၅၉) လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ် (၁၁၉၂) လုံးမှ လူဦးရေစုစုပေါင်း (၅၈၆၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် ဦးမင်းသုဝေ(၂၉)နှစ်(ဘ)ဦးအောင်ဆန်းသစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထပ်မံသတင်းရရှိပါသည်။
အဆိုပါဘေးတွင် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို (၇-၄-၂၀၁၆) ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့ သွားရောက်ထောက်ပံ့လျက်ရှိပါသည်။