ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုအခြေအနေသတင်း

21

(၆-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၅) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၆) စုမှ စုစုပေါင်းလူဦးရေ (၂၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုး (၁၈,၉၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀) နှင့် တန်ဖိုးငွေ (၁၃၂၃၉၆) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စာတို့ကို (၇-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events