စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း၌ (၅-၄-၂၀၁၆) ရက်နေ့ (၁၉:၄၅) အချိန်တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် နေအိမ် (၁၃) လုံး ပြိုကျပျက်စီး၍ နေအိမ်(၂၀)လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေစုစုပေါင်း (၁၃၃) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။

အဆိုပါဘေးတွင် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို (၈-၄-၂၀၁၆) ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events