မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

jjj kkk

၁။     မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာ၌ (၇-၄-၂၀၁၆) ရက်နေ့၊ (၁၇:၄၅) အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ် (၆) လုံး၊ သက်ကယ်မိုး၊ ထရံကာနေအိမ် (၅) လုံး၊ စုစုပေါင်း နေအိမ် (၁၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ အိမ်ထောင်စု (၁၁) စုမှ လူကြီး(၃၂) ဦး၊ ကလေး (၇) ဦး၊ စုစုပေါင်း (၃၉) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။

၂။     အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေ (၃၅,၁၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၅၀,၀၀၀/-)၊ တန်ဖိုးငွေ (၂၄၂,၇၂၆/-) ရှိ ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ (၁၁) အိမ်ထောင်စာကို (၈-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events