စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း၌ (၅-၄-၂၀၁၆) ရက်နေ့၊ (၂၃:၃၀) နာရီအချိန်တွင် လေဘေးဖြစ်ပွားခဲ့ရာ နေအိမ်(၅၂)လုံး ပြိုကျပျက်စီး၍ နေအိမ်(၉၄၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ် (၉၉၅) လုံးမှ လူဦးရေစုစုပေါင်း(၄၉၇၅)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် မင်းသုဝေ(၂၉)နှစ် (ဘ)ဦးအောင်ဆန်း သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။
အဆိုပါဘေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇-၄-၂၀၁၆)ရက်နေ့တွင် ဘေးဖြစ်ရာဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။