Author Archives: RRD

  • ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ (၁-၅-၂၀၁၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့ရာ အဆိုပါလေဘေးဖြစ်ပွားမှုကြောင့် မိုးကြိုးပစ်သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် (၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေ (၂)သိန်းအား ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ခဲ့ပြီး ပြိုကျအိမ် (၁၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အမိုးလန်အိမ် (၁၁၀)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ထီးလှိုင်ကျေးရွာသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးမှုသတင်း

    ဦးစီးဌာန (ရုံးချုပ်) သို့ တယ်လီဖုန်းဖြင့် သောက်သုံးရေသန့် တောင်းခံလာသည့် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ထီးလှိုင်ကျေးရွာရှိ အိမ်ခြေ (၁၂၀) မှ လူဦးရေ (၆၀၀) ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သောက်သုံးရေဂါလံ (၄၀၀) ကို အဆိုပါကျေးရွာအတွက်တောင်းခံလာသည့် တာဝန်ရှိသူများထံသို့ (၂-၅-၂၀၁၆) ရက်နေ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အတွင်းရှိ လေဘေးသင့်ပြည်သူ များအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း

    Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ၁။         ၂၀၁၆ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ ၊ ကြံခင်းမြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာခွဲ (၂၉)ရွာ၌ လေဘေးဖြစ်ပွားခဲ့ရာလူနေအိမ်ခြေပြိုကျပျက်စီး (၂၀)လုံး၊ အမိုးလန် (၂၆၀)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အမက (၁)ကျောင်းအမိုးလန်ပျက်စီးခဲ့ပြီးလူဦးရေကျား (၄၁၄)ဦး၊ မ (၄၆၉)ဦး၊ စုစုပေါင်း (၈၈၃)ဦးလေဘေးသင့်ခဲ့ကြပါသည်။ ၂။         အဆိုပါ လေဘေးသင့်ပြည်သူများအား ၂၀၁၆ခုနှစ် မေလ(၁)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင်ဦးစီးမှူး၊ ဦးသန်းစိုး-၂ နှင့် တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကယ်ဆယ်ရေးပစ္စည်းများအားပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါသည်။

  • ကွမ်းခြံကုန်းမြို့နယ်၊ ကြခတ်ကုန်းကြီးကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ ကြခတ်ကုန်းကြီး ကျေးရွာနေ ပြည်သူများအတွက် (၁-၅-၂၀၁၆) ရက်နေ့တွင် သောက်ရေ ဂါလံ (၁၈၀၀) နှင့် ၁ လီတာ သောက်ရေသန့် ဘူူး (၆၀၀) ဂါလံ (၁၅၀) နှင့် ယာယီရေစုကန်ပြုလုပ်ရန် ဆော်ဒီမိုးကာစ တို့အပြင်   သက်ကြီးအဘိုး ၊အဘွားများအား သောက်ရေသန့်ဘူးများနှင့် ဆေးဖိုးဝါးခငွေများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events