မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ (၃၀-၄-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့ရာ အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာ (၄၅) ရွာမှ အိမ်ခြေ (၁၆၉) လုံး ပြိုလဲခဲ့ပြီး (၁၅၄၀) လုံးမှာ အမိုးလန်ခဲ့ပါသည်။ အဆိုပါပျက်စီးခဲ့သော အိမ်ထောင်စု (၁၆၉) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး (၁၆၉) အိမ်ထောင်စာအား (၂-၅-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး (ညွှန်ကြားရေးမှူး) က ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)