(၁-၅-၂၀၁၆) ရက်နေ့တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းအုပ်စု၊ နမ့်ယွန်းရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံး ပျက်စီးခဲ့ပါသည်။ အဆိုပါ ပျက်စီးမှုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်ကာ အိမ်ဆောက်ပစ္စည်းဖိုးငွေများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။