လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ ကြခတ်ကုန်းကြီး ကျေးရွာနေ ပြည်သူများအတွက် (၁-၅-၂၀၁၆) ရက်နေ့တွင် သောက်ရေ ဂါလံ (၁၈၀၀) နှင့် ၁ လီတာ သောက်ရေသန့် ဘူူး (၆၀၀) ဂါလံ (၁၅၀) နှင့် ယာယီရေစုကန်ပြုလုပ်ရန် ဆော်ဒီမိုးကာစ တို့အပြင် သက်ကြီးအဘိုး ၊အဘွားများအား သောက်ရေသန့်ဘူးများနှင့် ဆေးဖိုးဝါးခငွေများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။