လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ (၂) ရက်နေ့ နေ့လည် (၁၅:၃၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား USAID မှ Administrator ဖြစ်သူ Ms. Gayle Smith ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr. Scot Marciel နှင့်အဖွဲ့ဝင် (၉) ဦးမှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Centre – EOC) အဆင့်မြှင့်တင်နိုင်ရေးအတွက် အခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းများ ပံ့ပိုးပေးနိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ အရေးပေါ်အခြေအနေမဖြစ်ပေါ်မီ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက သတင်းအချက်အလက်များ အမြန်ဆုံးစုဆောင်းခြင်း၊ အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်မှုအတွက် လိုအပ်သော နည်းပညာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရက် (၁၀၀) စီမံချက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်ဝန်ကြီးရုံးရှိ Emergency Operation Centre-EOC နှင့် ဆောက်လုပ်ပြီးစီးသွားသည့် သီးခြား Emergency Operation Centre -EOC တို့အား သွားရောက်လေ့လာကြည့်ရှုခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။