Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
၁။ ၂၀၁၆ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ ၊ ကြံခင်းမြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာခွဲ (၂၉)ရွာ၌ လေဘေးဖြစ်ပွားခဲ့ရာလူနေအိမ်ခြေပြိုကျပျက်စီး (၂၀)လုံး၊ အမိုးလန် (၂၆၀)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အမက (၁)ကျောင်းအမိုးလန်ပျက်စီးခဲ့ပြီးလူဦးရေကျား (၄၁၄)ဦး၊ မ (၄၆၉)ဦး၊ စုစုပေါင်း (၈၈၃)ဦးလေဘေးသင့်ခဲ့ကြပါသည်။
၂။ အဆိုပါ လေဘေးသင့်ပြည်သူများအား ၂၀၁၆ခုနှစ် မေလ(၁)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင်ဦးစီးမှူး၊ ဦးသန်းစိုး-၂ နှင့် တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကယ်ဆယ်ရေးပစ္စည်းများအားပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါသည်။