တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်မှုသတင်း

(၂၉-၄-၂၀၁၆) ရက်နေ့တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကောင်းမူကျေးရွာတွင် နေအိမ် (၄) လုံးနှင့် နန့်နန်းကျေးရွာအုပ်စု၊ ကချင်စံပြကျေးရွာတွင် နေအိမ် (၂) လုံးပျက်စီးဆုံးရှုံးမှုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂-၅-၂၀၁၆) ရက်နေ့တွင် အဆိုပါ လေဘေးသင့်ဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများအား ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events