ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း

42 3 1

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ (၁-၅-၂၀၁၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့ရာ အဆိုပါလေဘေးဖြစ်ပွားမှုကြောင့် မိုးကြိုးပစ်သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် (၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေ (၂)သိန်းအား ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ခဲ့ပြီး ပြိုကျအိမ် (၁၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အမိုးလန်အိမ် (၁၁၀)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events