Author Archives: RRD
-
မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု တောတန်း (ဝိုင်းတောင်) ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု တောတန်း (ဝိုင်းတောင်) ကျေးရွာနေ ပြည်သူများအတွက် ရေ ဂါလန် (၁၄၅၀) အား (၇-၅-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါ သည်။
-
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ လေဘေးအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ (၃၀-၄-၂၀၁၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုလဲအိမ် (၁၈၆)လုံးနှင့် အမိုးလန် (၁၁ဝ)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၅) သိန်းအား (၆-၅-၂၀၁၆) ရက်နေ့တွင်ထောက်ပံ့ခဲ့ပါသည်။
-
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း၌ (၃၀-၄-၂၀၁၆) ရက်နှင့် (၄-၅-၂၀၁၆) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အောင်လံမြို့နယ်အတွင်း ပြိုလဲအိမ် (၁၂) နှင့် အမိုးလန်အိမ် (၈၀)၊ စုစုပေါင်း (၉၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်းများအား (၇-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာမီးဘေးအတွက် ထောက်ပံ့မှုအခြေအနေသတင်း
ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာတွင် (၆.၅.၂၀၁၆) ရက်နေ့ (၁၃း၃၀) နာရီအချိန်၌ လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် နေအိမ် (၇)လုံး နှင့် ဂိုဒေါင် (၅)လုံး ပျက်စီးဆုံးခဲ့သဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများနှင့်အတူ အမြန်ဆုံးသွားရောက်ခဲ့ပြီး အရေးပေါ်သုံး ကယ်ဆယ်ရေးပစ္စည်းများ ဆန်ရိက္ခာဘိုးများနှင့် အိမ်ဆောက်ပစ္စည်းဘိုးများအပြင် သောက်သုံးရေ များလည်း ကူညီဖြည့်ဆည်းပေးခဲ့သည့်အပြင် အားပေးနှစ်သိမ့်စကားများလည်းပြောကြားခဲ့ပါကြောင်းသိရှိရပါသည်။
-
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကျေးရွာ (၆) ရွာရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာဖိုးငွေနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၌ (၂၉-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဆိတ်မူကျေးရွာအုပ်စုမှ စပေါ့ကျေးရွာ၊ ကောင်ဆန်ကျေးရွာ၊ နတ်မှော် ကျေးရွာ၊ တောင်းကော့ကျေးရွာ၊ ရွာဟောင်းကျေးရွာ၊ မမုံကျေးရွာ၊ စုစုပေါင်း ကျေးရွာ (၆) ရွာမှ ပြိုကျအိမ် (၂၅) အိမ်အတွက် တစ်အိမ်ထောင်လျှင် (၅၀၀၀၀/-) နှုန်းဖြင့် (၁၂၅၀၀၀၀/-) နှင့် အိမ်ထောင်စု (၃၃၄) စုမှ လူဦးရေ (၁၄၀၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၂၇၀၀/- ) သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် … Read more
-
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု အခြေအနေသတင်း
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဧပြီလ (၉)ရက်၊ (၂၉) ရက်၊ (၃ဝ) ရက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများပြိုလဲအမိုးလန်ခဲ့ခြင်းအတွက် ပြည်ခရိုင် ဦးစီးမှူးမှ (၃၇၄၄၉၃ဝဝိ/-) အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ပြိုလဲ (၉၁) အိမ်ထောင်စုစာကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအား (၆.၅.၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း (၂၂-၄-၂၀၁၆) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် ပြိုလဲအိမ် (၉၉) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀) နှုန်း၊ အမိုးလန်အိမ် (၁၅၇၈) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) နှုန်းနှင့် သေဆုံးသူ (၂) ဦးအတွက် (၁) ဦးလျှင် (၁) သိန်းနှုန်းဖြင့် စုစုပေါင်းငွေ (၃၆,၇၁၀,၀၀၀) ကျပ်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီး မှူးရုံးရှိ တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ကာ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့နယ်၊ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့နယ်များ အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် (၂၉-၄-၂၀၁၆ မှ ၃-၅-၂၀၁၆) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
၁။ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့နယ်များ အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် (၂၉-၄-၂၀၁၆ မှ ၃-၅-၂၀၁၆) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော လေဘေးကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ ပြိုလဲပျက်စီးအမိုးလန်ခြင်းများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေများအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၆.၅.၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ ၂။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်ရှိ လေဘေးသင့်အိမ်ခြေ (၂၇၈)လုံးအတွက် ထောက်ပံ့ငွေ (၆,၈၆၀,၀၀၀)ကျပ်၊ ပေါင်းတည်မြို့နယ်အတွက် (၃,၅၂၀,၀၀၀) ကျပ်၊ ပြည်မြို့နယ်အတွက် (၇,၁၉၁,၈၀၀) ကျပ်တို့အား … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ကွင်းဆင်းဆောင်ရွက်မှုသတင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၅-၅-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သာဂရသရက်တောကျောင်း၌ ဖွင့်လှစ်ထားရှိသည့် စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အရ ဖွင့်လှစ်ပို့ချလျှက်ရှိသော အခြေခံ စက်ချုပ်သင်တန်း တက်ရောက်လျှက်ရှိသည့် သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးစခန်းရှိကလေးငယ်များအား အစားအစာနှင့် ကစားစရာများ ပေးအပ်ခဲ့ပါသည်။ ၂။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ … Read more
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ လောင့်တောင်းကျေးရွာအတွင်းရှိ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ လောင့်တောင်းကျေးရွာအတွင်းရှိ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ (၂၀၄,၅၀၀ိ/-) တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
