မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း၌ (၃၀-၄-၂၀၁၆) ရက်နှင့် (၄-၅-၂၀၁၆) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အောင်လံမြို့နယ်အတွင်း ပြိုလဲအိမ် (၁၂) နှင့် အမိုးလန်အိမ် (၈၀)၊ စုစုပေါင်း (၉၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်းများအား (၇-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။