ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကျေးရွာ (၆) ရွာရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာဖိုးငွေနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

1

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၌ (၂၉-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဆိတ်မူကျေးရွာအုပ်စုမှ စပေါ့ကျေးရွာ၊ ကောင်ဆန်ကျေးရွာ၊ နတ်မှော် ကျေးရွာ၊ တောင်းကော့ကျေးရွာ၊ ရွာဟောင်းကျေးရွာ၊ မမုံကျေးရွာ၊ စုစုပေါင်း ကျေးရွာ (၆) ရွာမှ ပြိုကျအိမ် (၂၅) အိမ်အတွက် တစ်အိမ်ထောင်လျှင် (၅၀၀၀၀/-) နှုန်းဖြင့် (၁၂၅၀၀၀၀/-) နှင့် အိမ်ထောင်စု (၃၃၄) စုမှ လူဦးရေ (၁၄၀၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၂၇၀၀/- ) သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းနှုန်းဖြင့် (၂) သိန်း စုစုပေါင်းထောက်ပံ့ငွေ (၂၇၁၂၇၀၀/) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃၃၄) အိမ်ထောင်စုစာအား (၄-၅-၂၀၁၆ )ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ကွင်းဆင်း ကြည့်ရှု၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events