ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဧပြီလ (၉)ရက်၊ (၂၉) ရက်၊ (၃ဝ) ရက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများပြိုလဲအမိုးလန်ခဲ့ခြင်းအတွက် ပြည်ခရိုင် ဦးစီးမှူးမှ (၃၇၄၄၉၃ဝဝိ/-) အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ပြိုလဲ (၉၁) အိမ်ထောင်စုစာကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအား (၆.၅.၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါသည်။