ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့နယ်များ အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် (၂၉-၄-၂၀၁၆ မှ ၃-၅-၂၀၁၆) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း

2 3 4

 

၁။        ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့နယ်များ အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် (၂၉-၄-၂၀၁၆ မှ ၃-၅-၂၀၁၆) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော လေဘေးကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ ပြိုလဲပျက်စီးအမိုးလန်ခြင်းများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေများအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၆.၅.၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

၂။        အဆိုပါလေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်ရှိ လေဘေးသင့်အိမ်ခြေ (၂၇၈)လုံးအတွက် ထောက်ပံ့ငွေ (၆,၈၆၀,၀၀၀)ကျပ်၊ ပေါင်းတည်မြို့နယ်အတွက် (၃,၅၂၀,၀၀၀) ကျပ်၊ ပြည်မြို့နယ်အတွက် (၇,၁၉၁,၈၀၀) ကျပ်တို့အား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ကာ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source:          ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events