မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

dfမန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း (၂၂-၄-၂၀၁၆) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် ပြိုလဲအိမ် (၉၉) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀) နှုန်း၊ အမိုးလန်အိမ် (၁၅၇၈) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) နှုန်းနှင့် သေဆုံးသူ (၂) ဦးအတွက် (၁) ဦးလျှင် (၁) သိန်းနှုန်းဖြင့် စုစုပေါင်းငွေ (၃၆,၇၁၀,၀၀၀) ကျပ်အား  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီး မှူးရုံးရှိ တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ကာ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့နယ်၊ အုန်းပိုင်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events