ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာတွင် (၆.၅.၂၀၁၆) ရက်နေ့ (၁၃း၃၀) နာရီအချိန်၌ လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် နေအိမ် (၇)လုံး နှင့် ဂိုဒေါင် (၅)လုံး ပျက်စီးဆုံးခဲ့သဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများနှင့်အတူ အမြန်ဆုံးသွားရောက်ခဲ့ပြီး အရေးပေါ်သုံး ကယ်ဆယ်ရေးပစ္စည်းများ ဆန်ရိက္ခာဘိုးများနှင့် အိမ်ဆောက်ပစ္စည်းဘိုးများအပြင် သောက်သုံးရေ များလည်း ကူညီဖြည့်ဆည်းပေးခဲ့သည့်အပြင် အားပေးနှစ်သိမ့်စကားများလည်းပြောကြားခဲ့ပါကြောင်းသိရှိရပါသည်။