၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၅-၅-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သာဂရသရက်တောကျောင်း၌ ဖွင့်လှစ်ထားရှိသည့် စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အရ ဖွင့်လှစ်ပို့ချလျှက်ရှိသော အခြေခံ စက်ချုပ်သင်တန်း တက်ရောက်လျှက်ရှိသည့် သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးစခန်းရှိကလေးငယ်များအား အစားအစာနှင့် ကစားစရာများ ပေးအပ်ခဲ့ပါသည်။
၂။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မြစ်ကြီးနား မြို့နယ်၊ ငွေပျော်စံပြကျေးရွာသို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မူလတန်း ကြိုကျောင်းအား လေ့လာကြည့်ရှု့ကာ ကလေးငယ်များအား အစားအစာနှင့် ကစားစရာများ ပေးအပ် ခဲ့ပါသည်။ ဆက်လက်၍ ငွေပျော်စံပြကျေးရွာအတွင်းလှည့်လည်၍ အိမ်တွင်းမှုလုပ်ငန်းများအား ကြည့်ရှု့ ကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ပါသည်။
၃။ ၆-၅-၂၀၁၆ ရက်နေ့ နံနက် (၀၈:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းရုံး၊ စန်းသီတာအစည်းအဝေးခန်းမတွင် ဦးစီးဌာန (၂) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး မူလတန်းကြိုကျောင်းအား လှည့်လည်ကြည့်ရှု့ကာ ကလေးများအား အစားအစာနှင့် ကစားစရာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကချင်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး နှင့် သိုလှောင်ရုံသို့သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှုတို့အား ကြည့်ရှု့ပြီး ပစ္စည်းများ ထပ်မံဖြည့်တင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
၄။ (၁၀:၀၅) နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ (၁၁:၀၅) နာရီတွင် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသသို့ ရောက်ရှိပြီး အခြေခံပညာ အလယ်တန်းကျောင်း (လန်ဆယ်) တွင် လာချင်ကျေးရွာအုပ်စုနှင့် လကင်ကျေးရွာအုပ်စုအတွင်းရှိ ရေဘေး သင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ဆောလော်မြို့နယ်အုပ်ချုပ်ရေးမှူး ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မူလစာရင်း ပါပျက်စီး နေအိမ် (၁၈၀) အိမ်နှင့် ထပ်တိုးပျက်စီးနေအိမ် (၃၂) အိမ် စုစုပေါင်း (၂၁၂) အိမ်အတွက် ထောက်ပံ့ ငွေကျပ် (၁၀၆) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက််၊ မုန့်များနှင့် ရေသန့်ဆေးပြားများအားလည်းကောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် (၁၀၆) သိန်းနှင့် အစားအသောက်များအားလည်းကောင်း ထောက်ပံ့ပေးအပ်ပေးခဲ့ရာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ လိုအပ်ချက်များအား ဆွေးနွေးဆောင် ရွက်ခဲ့ပါသည်။
၅။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရေဘေးသင့်ပြည်သူများအား တပ်မတော်ဆေးတပ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လှည့်လည်ကြည့်ရှု့ကာ လူနာများ အား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးနေအိမ်များနှင့် လန်ဆယ်ချောင်းကူးသံဘောင်တံတားပျက်စီးမှုအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် (၁၃:၁၅) နာရီတွင် ရေဘေးသင့်ပြည်သူများ၏ သားသမီးများဖြစ်သော အခြေခံပညာအထက်တန်း ကျောင်းသူ/သား များအား တပ်မတော်ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်၍ ပြန်လည်ထွက်ခွာခဲ့ရာ (၁၄:၁၅) နာရီတွင် မြစ်ကြီးနား မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
၆။ (၁၅:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ များ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမျိုးသားသဘာဝဘေး ရန်ပုံ ငွေဖြင့် ထောက်ပံ့ငွေကျပ် သိန်း (၅၀၀) အား ပြည်နယ်ဝန်ကြီးချုပ်သို့ ပေးအပ်ခဲ့ပါသည်။
၇။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ ရောက်ရှိပြီး ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းနှင့် အဆင့် မြင့်စက်ချုပ်သင်တန်း တက်ရောက်လျှက်ရှိသည့် သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ ကြောင်း သိရှိရပါသည်။