Author Archives: RRD
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့၌ (၂၁-၅-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုအခြေအနေသတင်း
(၂၁-၅-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၃) လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၄၄) လုံးအမိုးလန်ခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် ပြိုကျခဲ့သည့်အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ အိမ်ခြေတစ်လုံးလျှင် ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၅၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၄၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ အိမ်ခြေတစ်လုံးလျှင် ငွေကျပ် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်နယ်မြို့၊ ပျဉ်းမအိုင်အုပ်စု၊ ရွာသစ်ကျေးရွာနေ လေဘေးသင့်ပြည်သူများ အား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပျဉ်းမအိုင်အုပ်စု ရွာသစ်ကျေးရွာတွင် (၁၉-၅-၂၀၁၆) ရက် နေ့ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပျက်စီးခဲ့သော ပြိုလဲအိမ် (၁) လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၂၅-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) နှင့် လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၇၀၀/-)၊ စုစုပေါင်း (၅၂၇၀၀/-) တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၄-၅-၂၀၁၆ )ရက်နေ့တွင်တွံတေးမြိုနယ်နှင့် ဒလမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးမြို့နယ် ၊ကွမ်းခြံရပ်ကွက် ၊နှင့်ကံဘဲ့ကျေးရွာအုပ်စုတွင် (၂၃-၅-၂၀၁၆ )ရက်နေ့ (၁၆း၄၀) အချိန် တွင်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈)လုံး ပြို ကျခဲ့ပြီး၊ နေအိမ်((၅)လုံးအမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၅၈)ဦး လေဘေးသင့်ခဲ့၍ ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးပါ အိမ်ထောင်စု (၁၃)စုစာ ၊ အိမ်ဆောက်ပစ္စည်း နှင့် ဆန်ဘိုးထောက်ပံ့ငွေကျပ် (၅၅၂၂၀၀) အားလည်းကောင်း ၊ ဒလမြို ့နယ် တံတားချောင်းကျေးရွာအုပ်စု ၊ တံတားချောင်းကျေးရွာတွင်လည်း နေအိမ်(၃)လုံးပြို ကျခဲ့ပြီး၊ နေအိမ်(၄)လုံး … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၆) ရက်နေ့မှ (၂၆-၅-၂၀၁၆) ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို လောင်းလုံးမြို့နယ်ထွေအုပ်ခန်းမတွင် ကျင်းပခဲ့ပါ သည်။ အဆိုပါအခမ်းအနားသို့ လောင်းလုံးမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာနှင့် လူမှုရေးအသင်း အဖွဲ့များမှ လူပုဂ္ဂိုလ် (၈၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသား (၃၀) ဦးကို လောင်းလုံး ထွေအုပ်ခန်းမတွင်ပင် ( ၃) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော သဘာဝဘေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ အခမ်းအနား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် (၂၄-၅-၂၀၁၆) ရက်နေ့ (၁ဝးဝ၀)နာရီအချိန် ကျင်းပပြုလုပ်သော နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ အခမ်းအနားတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်နွေးနွေးအိမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားလူငယ် ကျောင်းသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်မြို့၊ ဆင်စုရပ်ကွက်တွင် လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပြည်မြို့၊ ဆင်စုရပ်ကွက်မှ(၁၅.၅.၂၀၁၆)ရက်နေ့တွင်လေဘေးကြောင့်သစ်ပင်ပိသေဆုံးသူတစ်ဦးအတွက် ကျန်ရစ်သူဇနီးအား (၂၄.၅.၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ငွေကျပ်တစ်သိန်းတိတိအားသွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ကျေးရွာတွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ကျေးရွာ (၄.၅.၂၀၁၆)နှင့်သာကတိုးကွေ့ကျေးရွာတို့တွင်( ၂၁.၅.၂၀၁၆)ရက်နေ့့ လေဘေးကြောင့်ပျက်စီးခဲ့သည့် အမိုးလန် (၂ )အိမ်ထောင်စုစာအတွက်ဆန်ဖိုးငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို (၂၄.၅.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာအုပ်စု၊ နန်းသြကျေးရွာ ဘုရားကြီးကျောင်း အဝီစိရေတွင်းတူးရန်ကွင်းဆင်းကြည့်ရှုမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာအုပ်စု၊ နန်းသြကျေးရွာ ဘုရားကြီးကျောင်းတွင် အဝီစိရေတွင်း တူးရန် (၂၀-၅-၂၀၁၆) နေ့တွင် ကွင်းဆင်းကြည့်ရှုဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။
-
အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးမူဘောင်ကို အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီ လေ့လာရေးစီမံချက် အလုပ်ရုံဆွေးနွေးပွဲသို့ အဖွင့်အမှာစကားပြောကြားခြင်း၊ ရေဘေးသင့်ဒေသများအတွက် အလှူပစ္စည်းများလက်ခံခြင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေးသည် နေပြည်တော်၊ အမရဟိုတယ်တွင် ၂၀၁၆ ခုနှစ်၊ မေလ (၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးမူဘောင်ကို အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီ လေ့လာရေးစီမံချက်အား အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ International Disaster Response Law (IDRL) in Myanmar: Strengthening the National Framework for International Disaster Response” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(၂/၂၀၁၆)ဖွင့်လှစ်မှုသတင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအြခေခံသင်တန်း (၂/၂၀၁၆)ဖွင့်ပွဲအခမ်းအနားအား (၂၃-၅-.၂၀၁၆)ရက်နေ့ နံနက်(၉းဝ၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမန်းဂျော်နီတက်ရောက် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနခေတ္တညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား/သူ(၅၆)ဦး အပါအဝင် စုစုပေါင်းအင်အား(၂၂၀)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၁၆) အား(၂၃-၅-၂၀၁၆)မှ (၂-၆-၂၀၁၆)ရက်နေ့ထိသင်တန်းကာလ(၁၁)ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
