ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် (၂၄-၅-၂၀၁၆) ရက်နေ့ (၁ဝးဝ၀)နာရီအချိန် ကျင်းပပြုလုပ်သော နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ အခမ်းအနားတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်နွေးနွေးအိမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားလူငယ် ကျောင်းသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။