(၂၄-၅-၂၀၁၆ )ရက်နေ့တွင်တွံတေးမြိုနယ်နှင့် ဒလမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံမှုသတင်း

ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးမြို့နယ် ၊ကွမ်းခြံရပ်ကွက် ၊နှင့်ကံဘဲ့ကျေးရွာအုပ်စုတွင် (၂၃-၅-၂၀၁၆ )ရက်နေ့ (၁၆း၄၀) အချိန် တွင်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈)လုံး ပြို ကျခဲ့ပြီး၊ နေအိမ်((၅)လုံးအမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၅၈)ဦး လေဘေးသင့်ခဲ့၍ ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးပါ အိမ်ထောင်စု (၁၃)စုစာ ၊ အိမ်ဆောက်ပစ္စည်း နှင့် ဆန်ဘိုးထောက်ပံ့ငွေကျပ် (၅၅၂၂၀၀) အားလည်းကောင်း ၊ ဒလမြို ့နယ် တံတားချောင်းကျေးရွာအုပ်စု ၊ တံတားချောင်းကျေးရွာတွင်လည်း နေအိမ်(၃)လုံးပြို ကျခဲ့ပြီး၊ နေအိမ်(၄)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၇)စုမှ လူဦးရေ (၂၉)ဦး လေဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၇)စုစာနှင့် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဘိုးထောက်ပံ့ငွေကျပ် (၂၅၆၁၀၀) ကျပ်တို့အားလည်းကောင်း သက်ဆိုင်ရာမြိုနယ်အုပ်ချုပ်ရေးမှူးရုံးများတွင်လေဘေးသင့်ပြည်သူများအားတွေ့ဆုံ၍ ဌာနဧ။် လုပ်ဆောင်မှုများအားရှင်းလင်းတင်ပြပြီး ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events