ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်နယ်မြို့၊ ပျဉ်းမအိုင်အုပ်စု၊ ရွာသစ်ကျေးရွာနေ လေဘေးသင့်ပြည်သူများ အား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပျဉ်းမအိုင်အုပ်စု ရွာသစ်ကျေးရွာတွင် (၁၉-၅-၂၀၁၆) ရက် နေ့ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပျက်စီးခဲ့သော ပြိုလဲအိမ် (၁) လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၂၅-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) နှင့် လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၇၀၀/-)၊ စုစုပေါင်း (၅၂၇၀၀/-) တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events