ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၆) ရက်နေ့မှ (၂၆-၅-၂၀၁၆) ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို လောင်းလုံးမြို့နယ်ထွေအုပ်ခန်းမတွင် ကျင်းပခဲ့ပါ သည်။ အဆိုပါအခမ်းအနားသို့ လောင်းလုံးမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာနှင့် လူမှုရေးအသင်း အဖွဲ့များမှ လူပုဂ္ဂိုလ် (၈၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသား (၃၀) ဦးကို လောင်းလုံး ထွေအုပ်ခန်းမတွင်ပင် ( ၃) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)