(၂၁-၅-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၃) လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၄၄) လုံးအမိုးလန်ခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် ပြိုကျခဲ့သည့်အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ အိမ်ခြေတစ်လုံးလျှင် ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၅၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၄၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ အိမ်ခြေတစ်လုံးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၈၀၀၀၀) တို့ကို မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၂-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)