Author Archives: Su Nandar Myint

  • မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ဝါးတန်းရပ် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု

    (၉-၂-၂၀၁၇)ရက်နေ့ (၂၂:၄၅) နာရီအချိန်တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ဝါးတန်းရပ်တွင် ဖြစ်ပွားသည့် မီးဘေးသင့်အိမ်ခြေ (၁၃)လုံး အနက်မှ တိုက်အိမ် (၈)လုံးအတွက် အိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၁,၆၀၀,၀၀၀/-)ကျပ်၊ ဓနိမိုး ထရံကာ အိမ် (၅)လုံးအတွက် အိမ်(၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၂၅၀,၀၀၀/-)ကျပ်၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၅၀,၀၀၀/-)ကျပ်နှင့် ဖြိုဖျက်အိမ်(၂၆)လုံးအတွက် အိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၅၂၀,၀၀၀/-)ကျပ်နှင့် မီးဘေးသင့် အိမ်ထောင်စု (၁၄)စုအတွက် … Read more

  • ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးနိုင်ရေး ဒုတိယအစည်းအဝေးအကြို အတွေ့အကြုံ ရှင်းလင်းတွေ့ဆုံပွဲ

    နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ(၇)ရက်နေ့ ======= ၁။         ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအကြို အတွေ့အကြုံရှင်းလင်း တွေ့ဆုံပွဲကို (၇-၂-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။         ထိုတွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်သူ့အစိုးရသစ်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမ အစည်းအဝေးကို ကျင်းပခဲ့ပြီးဖြစ်ရာ ယခုဒုတိယအစည်းအဝေးကို ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦးစီးဦးဆောင်ပြုနေသူများ သာမက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူ ပြည်သားအားလုံး နားလည်သဘောပေါက်ပါဝင်ရမည်ဖြစ်ပါကြောင်း၊ … Read more

  • သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောခြင်း

      (၆-၂-၂၀၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၄၁၁)ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များအား ဝေငှပေးခြင်းနှင့် ဘေးမျိုးစုံပါပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင်(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောခြင်း

      (၆-၂-၂၀၁၇)ရက်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင်(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၃၁)ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များအား ဝေငှပေးခြင်းနှင့် ဘေးမျိုးစုံပါပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လူမှုရေးရာအကူအညီများကူညီထောက်ပံ့ခြင်း

    ရန်ကုန်၊ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ (၃၀)ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စားရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်၊ ရန်ကုန်တိုင်းပညာရေးမှူး ဦးကျော်စွာသွင်နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေတို့သည် (၂၉-၁-၂၀၁၇)ရက်နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်ဖြင့် ပစ်သတ်ခြင်းခံရသော ဦးကိုနီ ကို သတ်ဖြတ်ခဲ့သည့် သေနတ်သမား တရားခံ ဦးကြည်လင်းအား လိုက်လံဖမ်းဆီးစဉ် တရားခံမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် သေဆုံးသွားသူ ဦးနေဝင်း(ခ)ဦးဝင်းလွင် အသက်(၄၈)နှစ်၏ နေအိမ်သို့ (၃၀.၁.၂၀၁၇)ရက်နေ့ မွန်းတည့် (၁၂:၀၀)နာရီတွင် သွားရောက်ခဲ့ပြီး ကူညီထောက်ပံ့ငွေ (၁၀)သိန်းအား ဦးနေဝင်း၏ … Read more

Sign Up

Upcoming Events