သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင်(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောခြင်း

07_Pic-01-04

 

(၆-၂-၂၀၁၇)ရက်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင်(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၃၁)ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များအား ဝေငှပေးခြင်းနှင့် ဘေးမျိုးစုံပါပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source : သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events