(၉-၂-၂၀၁၇)ရက်နေ့ (၂၂:၄၅) နာရီအချိန်တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ဝါးတန်းရပ်တွင် ဖြစ်ပွားသည့် မီးဘေးသင့်အိမ်ခြေ (၁၃)လုံး အနက်မှ တိုက်အိမ် (၈)လုံးအတွက် အိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၁,၆၀၀,၀၀၀/-)ကျပ်၊ ဓနိမိုး ထရံကာ အိမ် (၅)လုံးအတွက် အိမ်(၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၂၅၀,၀၀၀/-)ကျပ်၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၅၀,၀၀၀/-)ကျပ်နှင့် ဖြိုဖျက်အိမ်(၂၆)လုံးအတွက် အိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၅၂၀,၀၀၀/-)ကျပ်နှင့် မီးဘေးသင့် အိမ်ထောင်စု (၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ မီးဘေးသင့်သူ စုစုပေါင်း (၆၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၁၃၈,၆၀၀/-)ကျပ်၊ ခေါက်ဆွဲခြောက် (၁)ဦးလျှင် ၂ထုပ်ကျ (၁)ထုပ်လျှင်ငွေ (၁၃၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၇,၁၆၀/-)ကျပ်၊ မီးဘေးသင့်သူ ကလေး (၁၇)ဦးအတွက် မုန့်သရေစာ (၃၆၀၀/-) ကျပ်ဖိုးစသည်ဖြင့် ထောက်ပံ့ငွေစုစုပေါင်း(၂,၅၂၉,၃၆၀/-)ကျပ်အား (၁၀-၂-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)