Author Archives: Aye Kyimann

  • ရန်ကုန်တောင်းပိုင်းခရိုင် မုန်တိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃)ရက်နေ့တွင် ကျောက်တန်းမြို့နယ်အတွင်း ပင်လယ်ဝကျေးရွာဖြစ်သည့် ချောင်းဝကျေးရွာ အုပ်စု၊ ချောင်းဝကျေးရွာတွင် မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ကြိညတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် မုန်တိုင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံဖြစ်ပွားခြင်း၊ မုန်တိုင်းဒီရေစသည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု လျော့နည်း စေရန် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေးနှင့် မုန်တိုင်းဒီရေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များအား ပြည်သူများသိရှိလိုက်နာ ဆောင်ရွက် နိုင်စေရန်အတွက် ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ … Read more

  • ကသာခရိုင်အတွင်း မုန်တိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၃)ရက်နေ့၊  ညနေ (၄:၃၀)နာရီမှ (၆:၀၀)နာရီအထိ လေဖိအားနည်းရပ်ဝန်းမှ အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ လာပြီး မိုးသက်လေပြင်းများကျရောက်နိုင်သည့်အတွက် ကသာမြို့နယ်အတွင်းရှိ ပြည်သူများကြိုတင် သတိပြုနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များစသည့်လိုအပ်သည်များ​ဆောင်ရွက်နိုင် ရန်နှင့် မိုး​လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့်ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်သူများအား အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar_str #sgg_may_2023 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၈၀၀၀ဝ/-)၊ လူဦးရေ (၂၇)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၅၆၇၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၆၇၀ဝ/-) ကျပ်တိတိအား (၂၈ – ၄ -၂၀၂၃) ရက်နေ့၊ (၁၂:၃၀) အချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့တို့နှင့်အတူ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_apr_2023 Source: … Read more

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်​ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ စွယ်တော်မျှောင်ကျေးရွာနှင့် သရက်ချောင်း ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊လယ်​ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊စွယ်တော်မျှောင်ကျေးရွာနှင့် သရက်ချောင်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်  ဘေးသင့်အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၄၄)ဦးတို့အတွက်  စုစုပေါင်း  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၀၂,၄၀၀/-)၊ အိမ်နှင့်ကျောင်းဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်းကျပ်(၁,၁၄၇,၀၀၀/-)နှင့် (၄၆,၀၃၆/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး (၃) ပုံးတို့အား (၂၇-၄-၂၀၂၃) ရက်နေ့၊(၁၃:၀၀)နာရီအချိန်တွင် လယ်ဝေးမြို့နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၌  ဘေးသင့်ပြည်သူများလက်ဝယ်သို့ ‌သွား​ရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_apr_2023 Source: ပြည်ထောင်စုနယ်မြေ၊ … Read more

  • ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းဂွ(ဂျီ) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းဂွ(ဂျီ) ကျေးရွာ၌ (၆-၄-၂၀၂၃)ရက်နေ့ (၁၃း၄၅)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးလူနေအိမ်(၁)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုး ထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀ဝ/-)ကျပ်နှင့် ပျက်စီးလူ နေအိမ်(၁)လုံးရှိအိမ်​ထောင်စု(၁)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေပစ္စည်း (၁၇)မျိုးပါ (၁)ပုံးနှင့် စက္ကူကတ္တူပုံး(၁)ပုံးတို့အား (၇-၄-၂၀၂၃) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more

  • တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရွှေပင်လယ်လမ်း၌ လေဘေးထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၄.၂၀၂၃)ရက်နေ့ ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပင်လယ်လမ်း လေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၇)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၄,၇၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-)ကျပ်၊ ​လေဘေးသင့် အိမ်ထောင်စု(၁)စုအတွက် (၄၆၀၃၆/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)ပုံးတို့အား ဘေးသင့်သူလက်ဝယ် အရောက် (၉.၄.၂၀၂၃)ရက်နေ့ (၁၃း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_apr_2023 Source: … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ကမ်းနားဆိပ်၌ မီးဘေးထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ကမ်းနား ဆိပ်ရှိ ကမ္ဘာကျော်ဆီဆိုင်တွင် ဆိုက်ကပ်၍ ဆီထည့်နေသည့် မြောင်းမြ-ကံဘဲ့ပြေးဆွဲသော ခရီးသည် တင်ရေယာဥ်သည် (၇-၄-၂၀၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဒဏ်ရာရရှိသူ(၃)ဦးအတွက် စုစုပေါင်းရန်ပုံငွေ (၁၅၀၀၀ဝ/-)ကျပ်အား (၈-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr_2023 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ခန့်မှန်းမြေပုံညွှန်း (GQ-202238)၌ (၂.၄.၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့ သောမီးဘေးကြောင့် လုံးဝပျက်စီး သီလရှင်ကျောင်း (၂)ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသီလရှင် ကျောင်း (၁)ကျောင်း၊ စုစုပေါင်းသီလရှင်ကျောင်း (၃)ကျောင်းအတွက်  အိမ်ဆောက်ပစ္စည်းဖိုး (၆၃၀၀၀၀/-) ကျပ်အား (၆.၄.၂၀၂၃) ရက်နေ့ (၁၆း၂၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events