လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၃)ရက်နေ့၊ ညနေ (၄:၃၀)နာရီမှ (၆:၀၀)နာရီအထိ လေဖိအားနည်းရပ်ဝန်းမှ အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ လာပြီး မိုးသက်လေပြင်းများကျရောက်နိုင်သည့်အတွက် ကသာမြို့နယ်အတွင်းရှိ ပြည်သူများကြိုတင် သတိပြုနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များစသည့်လိုအပ်သည်များဆောင်ရွက်နိုင် ရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့်ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်သူများအား အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar_str
#sgg_may_2023
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)