လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ကမ်းနား ဆိပ်ရှိ ကမ္ဘာကျော်ဆီဆိုင်တွင် ဆိုက်ကပ်၍ ဆီထည့်နေသည့် မြောင်းမြ-ကံဘဲ့ပြေးဆွဲသော ခရီးသည် တင်ရေယာဥ်သည် (၇-၄-၂၀၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဒဏ်ရာရရှိသူ(၃)ဦးအတွက် စုစုပေါင်းရန်ပုံငွေ (၁၅၀၀၀ဝ/-)ကျပ်အား (၈-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_apr_2023
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)