လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းဂွ(ဂျီ) ကျေးရွာ၌ (၆-၄-၂၀၂၃)ရက်နေ့ (၁၃း၄၅)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးလူနေအိမ်(၁)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုး ထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀ဝ/-)ကျပ်နှင့် ပျက်စီးလူ နေအိမ်(၁)လုံးရှိအိမ်ထောင်စု(၁)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေပစ္စည်း (၁၇)မျိုးပါ (၁)ပုံးနှင့် စက္ကူကတ္တူပုံး(၁)ပုံးတို့အား (၇-၄-၂၀၂၃) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာ ချောင်းဂွ (ဂျီ)ကျေးရွာ ရှိ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#bgo_apr_2023
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)