လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၄.၂၀၂၃)ရက်နေ့ ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပင်လယ်လမ်း လေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၇)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၄,၇၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-)ကျပ်၊ လေဘေးသင့် အိမ်ထောင်စု(၁)စုအတွက် (၄၆၀၃၆/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)ပုံးတို့အား ဘေးသင့်သူလက်ဝယ် အရောက် (၉.၄.၂၀၂၃)ရက်နေ့ (၁၃း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_apr_2023
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)