ရန်ကုန်တောင်းပိုင်းခရိုင် မုန်တိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃)ရက်နေ့တွင် ကျောက်တန်းမြို့နယ်အတွင်း ပင်လယ်ဝကျေးရွာဖြစ်သည့် ချောင်းဝကျေးရွာ အုပ်စု၊ ချောင်းဝကျေးရွာတွင် မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ကြိညတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် မုန်တိုင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံဖြစ်ပွားခြင်း၊ မုန်တိုင်းဒီရေစသည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု လျော့နည်း စေရန် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေးနှင့် မုန်တိုင်းဒီရေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များအား ပြည်သူများသိရှိလိုက်နာ ဆောင်ရွက် နိုင်စေရန်အတွက် ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ar_str

#ygn_may_2023

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events