Author Archives: Aye Kyimann

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် ပြည်သူသို့ပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူဆောင်ရွက်ခြင်းကို (၂၂-၄-၂၀၁၇) ရက်နေ့တွင် မင်းလှမြို့ မြို့အဝင် လမ်းဆုံတွင် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တိန်ကောက်၊ မိုင်းခွန်နှင့် မကောကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တိန်ကောက်၊ မိုင်းခွန်နှင့် မကောကျေးရွာတို့တွင် (၉-၄-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၃၉) လုံး၊ အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၆၄) ဦးတို့ အတွက် ကယ်ဆယ်ရေးကူညီထောက်ပံ့မှုအခမ်းအနားအား (၂၃-၄-၂၀၁၇) ရက်နေ့ (၀၉းဝ၀) နာရီအချိန်တွင် တနိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်စန္ဒာလှိုင်က ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။ ၄င်းနောက် ဘေးသင့်ပြည်သူများအတွက် … Read more

  • နွေရာသီကာလအတွင်း ရေရှားပါးပြတ်လပ်နိုင်မှုအား ကြိုတင်ပြင်ဆင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊  မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ် နွေရာသီကာလအတွင်း ရေရှားပါးပြတ်လပ်နိုင်မှုအား ကြိုတင်ပြင်ဆင်ရန်အတွက်ဆောင်ရွက်ရမည့် မော်လိုက်မြို့၊ ရွှေပြည်သာ၊ အောင်ဇေယျာ၊ အောင်ရတနာရပ်ကွက်များအား (၂၂-၄-၂၀၁၇) နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ထွေ/အုပ် ရပ်မိရပ်ဖများနှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးတုံ့ပြန်ရန်အစဥ်အမြဲဖြစ်စေရေး ပြည်သူနှင့်အတူ ဆွေးနွေးဆောင်ရွက်မှုသတင်း

    ၂၂-၄-၂၀၁၇၊  ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးကိုတုံ့ပြန်ရန်စဥ်အမြဲအသင့်ဖြစ်နေစေရေးနှင်‌့လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူတို့၏ လိုအပ်ချက်ဖော်ထုတ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေ သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ််ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပုိင်းတွင် မြောင်းမြခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှုကိုကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်း ရေကျော်ကျေးရွာအုပ်စု၊ ကျောက်ကမ်းပါးကျေးရွာတွင် ပြည်သူများ သောက်သုံးရေအခက်အခဲဖြစ်နေသဖြင့် သောက်သုံးရေသိုလှောင်ရန် မြေသားရေကန် တူးဖော်နိုင်ရေး ထောက်ပံ့ငွေ ကျပ် (၃၂) သိန်းကုိ ပေးအပ်ခဲ့ပါသည်။ ထို့နောက် … Read more

  • မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊  မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာလေ ပြင်းဘေးကြောင့် အိမ်အရှေ့ပိုင်းပြိုလဲ ပျက်စီးအိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကဆရပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်တို့အား (၁၈-၄-၂၀၁၇) ရက်နေ့၌ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၌ (၁၆-၄-၂၀၁၇) ရက်နေ့၊ ည (၂၂းဝ၀) နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂၀) တို့အား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၀) စာ၊ ပလတ်စတစ်ပုံး (ဘီးပါ) (၂၀)၊ Hygiene kits (၂၀)၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၄၄,၉၀၀/-) ကျပ်တိတိကို (၂၄) နာရီအတွင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၇) ရက်နေ့၊ တံတားဦးမြို့နယ် အနှိုင်းမဲ့ပါရမီ ပရဟိတအသင်းဝင်များနှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ပြည်သူများသို့ပန်ကြားချက်ဖြစ်သည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သော ဗွီနီုင်းပိုစတာများစိုက်ထူ ခြင်းကို တံတားဦးမြို့အဝင်နေရာ၊ အင်းဝမြို့သာ တံတားဦးလမ်းသုံးဂွ ဆုံနေရာများ၌ ပြည်သူတို့နှင့်အတူ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events